Friday, 20 January 2012

ဘ၀မှာ မရှုံးစေနဲ့



လက်ရှိ ဘ၀မှာ မြင်ရတာ၊ ကြားရတာ၊ အနံ့ နံရတာ၊ အရသာစားရတာ၊ ထိတွေ့ ခံစားရတာ နဲ့ ကြံတွေး ခံစားရတာတွေဟာ အတိတ်က ကိုယ်ပြုလုပ်ခဲ့တဲ့ ပြုလုပ်မှု (ကံ) ရဲ့ အကျိုးဆက် (၀ိပါက်စိတ်တွေ) လို့ ဘုရားဟော တရားဓမ္မက ဆိုပါတယ်......။
လက်ရှိ ဘ၀မှာ ကြုံတွေ့ရသမျှ ကောင်းတာ ဆိုးတာ အားလုံးဟာ အတိတ်က ကိုယ်ပြုခဲ့သမျှပါဘဲတဲ့။
တစ်ခြားသူ လုပ်တာကို ကိုယ်မခံရသလို
ကိုယ်လုပ်ခဲ့တာကိုလဲ ရှောင်လို့မရပါဘူး....။
အတိတ်ဆိုတာ အရင်ဘ၀ ကို ပြောတာလို့ မယူလိုက်နဲ့ဦး။
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းက လုပ်ခဲ့တာလဲ ပါနိုင်တယ် နော်.....။
ကိုယ်လုပ်ခဲ့ဘူးတဲ့ မကောင်းမှု အကုသိုလ် တစ်ခုခုကြောင့် မကောင်းတဲ့ အာရုံကို ကြုံလာရတယ်....
ကြုံနေရပြီ...........။
အခြားသူတစ်ယောက်ယောက် လာရောက် စော်ကားတယ် ဆိုတာ
အတိတ်က ကိုယ် လုပ်ခဲ့တာ တစ်ခုခုကြောင့် ပါဘဲ
ကိုယ့်ရဲ့ ၀ိပါက် တစ်ခုခု ကြောင့်ဘဲလို့ မြင်တတ်ရမယ်ဒါ ရှောင်လွှဲလို့မရဘဲ ကိုယ်လုပ်ခဲ့လို့ ကြုံလာရတာ လေ။
ဒီအပေါ်မှာ.......
ကုသိုလ် လုပ်မလား........????
အကုသိုလ် လုပ်မလား.......?????
စဉ်းစား သင့်တာပေါ့။
အတိတ်က အကုသိုလ် လုပ်မိလို့ ယခု မကောင်းတာကြုံ
အဲဒီအပေါ် အကုသိုလ် ထပ်လုပ်ရင်တော့ အရှုံးကြီး ရှုံးတာ့မှာပေါ့။
ကြုံလာသမျှ ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာ စဉ်းစားနိုင်အောင်ပါ။

မကောင်းမှုရှောင်...ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား...........................။

ခွင့်လွှတ်လိုက်ပါ......

ခွင့်လွှတ်လိုက်ပါ......


ဘုရားရှင် အလိုကျ ပြောရရင်တော့
မျက်စေ့၊နား၊နှာ၊လျာ၊ကိုယ်နဲ့ စိတ်တွေမှာ လာရောက် ထင်သမျှ အာရုံတွေအပေါ်မှာ
လောဘ၊ ဒေါသ၊ မောဟ စတဲ့ မကောင်းစိတ်တွေ ဖြစ်လာရင် အကုသိုလ် ဖြစ်တယ်။
ပေါ်လာတဲ့ အာရုံကို အမှီပြုပြီး ကောင်းတဲ့စိတ်ပဲ ပေါ်အောင် လုပ်နိုင်ရင် ကုသိုလ်ဖြစ်တယ်။
ဒါ ရိုးရိုးလေးနဲ့ အလွန်မှန်တဲ့ တရားဓမ္မ သဘောလေးပါ။
လူတစ်ယောက်က ကိုယ့်ကို လာဆဲတယ် ဆိုပါစို့
ဆဲသံ နားမှာကြားမယ်......(နား)
ဆဲနေပုံကို မျက်စေ့မှာ မြင်ရမယ်........(မျက်စေ့)
ဆဲနေစဉ်မှာကော ဆဲပြီး သူပြန်သွားတဲ့ နောက်နေ့ နောက်နေ့တွေမှာကော စဉ်းစားမိတိုင်း အဲဒီ အရုပ် အသံကို ပြန်မြင်ယောင်နေမယ်.........(စိတ်)
(ဒီဖြစ်စဉ်မှာ လျာ၊ နှာ၊ ကိုယ် အထိအတွေ့တွေ မပါဘူးဆိုပါစို့)
သူဆဲနေစဉ် သူ့စိတ်မှာ အကုသိုလ် ဖြစ်နေတယ် ကိုယ့်စိတ်မှာ ဘာမှမဖြစ်သေး
ဆဲသံကြား ဆဲပုံမြင် ဆဲခြင်းတွေး နေတဲ့ကိုယ့်စိတ်မှာတော့ ဒေါသဖြစ်ရင် အကုသိုလ် ဖြစ်မယ်။
ခွင့်လွှတ် မေတ္တာထားလိုက်ရင် ကုသိုလ် ဖြစ်မယ်......
သူ့မှာ ဖြစ်တဲ့ ကုသိုလ် အကုသိုလ် သူဘဲခံစားရတယ် တခြားလူ လုံးဝမဆိုင်.....
ထို့အတူ.......
ကိုယ့်မှာ ဖြစ်တဲ့ ကုသိုလ် အကုသိုလ် ကိုယ်ဘဲခံစားရတယ် တခြားလူ လုံးဝမဆိုင်.....
ဒါကို သိမြင်လာပြီ ဆိုရင်
မြင် ကြား နံ စား ထိတွေ့ ကြံတွေး သိရှိခံစားလာရတဲ့ အာရုံတွေအပေါ်မှာ
ကောင်းတဲ့စိတ် (ကုသိုလ်စိတ်) ဖြစ်အောင် နေတတ်လာမယ်။
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား.........တဲ့

(ဒါဖြင့် ဘာကြောင့် သူက စပြီး ကိုယ့်ကို စော်ကားကျူးလွန်လာရတာလဲ ???????
ဒီကိစ္စ နောက် တစ်ခါကျ ဆွေးနွေးပါမယ်)