လက်ရှိ ဘ၀မှာ မြင်ရတာ၊ ကြားရတာ၊ အနံ့ နံရတာ၊ အရသာစားရတာ၊ ထိတွေ့ ခံစားရတာ နဲ့ ကြံတွေး ခံစားရတာတွေဟာ အတိတ်က ကိုယ်ပြုလုပ်ခဲ့တဲ့ ပြုလုပ်မှု (ကံ) ရဲ့ အကျိုးဆက် (၀ိပါက်စိတ်တွေ) လို့ ဘုရားဟော တရားဓမ္မက ဆိုပါတယ်......။
လက်ရှိ ဘ၀မှာ ကြုံတွေ့ရသမျှ ကောင်းတာ ဆိုးတာ အားလုံးဟာ အတိတ်က ကိုယ်ပြုခဲ့သမျှပါဘဲတဲ့။
တစ်ခြားသူ လုပ်တာကို ကိုယ်မခံရသလို
ကိုယ်လုပ်ခဲ့တာကိုလဲ ရှောင်လို့မရပါဘူး....။
အတိတ်ဆိုတာ အရင်ဘ၀ ကို ပြောတာလို့ မယူလိုက်နဲ့ဦး။
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းက လုပ်ခဲ့တာလဲ ပါနိုင်တယ် နော်.....။
ကိုယ်လုပ်ခဲ့ဘူးတဲ့ မကောင်းမှု အကုသိုလ် တစ်ခုခုကြောင့် မကောင်းတဲ့ အာရုံကို ကြုံလာရတယ်....
ကြုံနေရပြီ...........။
အခြားသူတစ်ယောက်ယောက် လာရောက် စော်ကားတယ် ဆိုတာ
အတိတ်က ကိုယ် လုပ်ခဲ့တာ တစ်ခုခုကြောင့် ပါဘဲ
ကိုယ့်ရဲ့ ၀ိပါက် တစ်ခုခု ကြောင့်ဘဲလို့ မြင်တတ်ရမယ်ဒါ ရှောင်လွှဲလို့မရဘဲ ကိုယ်လုပ်ခဲ့လို့ ကြုံလာရတာ လေ။
ဒီအပေါ်မှာ.......
ကုသိုလ် လုပ်မလား........????
အကုသိုလ် လုပ်မလား.......?????
စဉ်းစား သင့်တာပေါ့။
အတိတ်က အကုသိုလ် လုပ်မိလို့ ယခု မကောင်းတာကြုံ
အဲဒီအပေါ် အကုသိုလ် ထပ်လုပ်ရင်တော့ အရှုံးကြီး ရှုံးတာ့မှာပေါ့။
ကြုံလာသမျှ ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာ စဉ်းစားနိုင်အောင်ပါ။
မကောင်းမှုရှောင်...ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား...........................။
No comments:
Post a Comment