ကြောင် တို့ အကြောင်း
မတ်လ ၁ ရက်နေ့ဟာ International Cats’ Day ပါတဲ့။ ကြောင်တို့အကြောင်း ရှာတွေ့တာလေးတွေ ရေးတင်လိုက်ပါတယ်။ RIA NOVOSTI site မှာ တွေ့တာလေး ဘာသာပြန်လိုက်တာပါ။
ကြောင်ဟာ နို့တိုက်သတ္တ၀ါထဲမှာ ပါဝင်ပြီး မျိုးစိတ်ပေါင်း ၃၇ မျိုးလောက် ရှိပါသတဲ့။
အိမ်မွေး တိရိစ္ဆာန် ဖြစ်တာမှာ ကြောင်ဟာ ခွေးထက် နောက်ကျပါသတဲ့။ အထက်က ပုံကတော့ နော်ဝေနိုင်ငံက တောကြောင် တစ်မျိုးပါ။
ကြောင်ကို ကမ္ဘာအနှံ့ ချစ်မြတ်နိုးစွာ မွေးမြူကြပါတယ်။
ဒီအထက်က ပုံကတော့ မြန်မာပြည်က ကြောင်လို့ မူရင်း ဆောင်းပါးမှာ ဖော်ပြပါတယ်။
မူလ အစက လူတွေဟာ တောရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်ရာမှာ အကူအညီ ရဖို့နဲ့ အသားကို သတ်စားဖို့ အိမ်မှာ မွေးကြတာပါတဲ့။
ဒါက Canadian Sphynx cat ပါ။
ကြောင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက အီဂျစ်လူမျိုးတွေ စတင်မွေးခဲ့ကြပါသတဲ့။
ကမ္ဘာပေါ်မှာ ကြောင်အမွေးဆုံးက အမေရိကန်နဲ့ သြစတြေးလျ ပါ။
အာရှမှာ ကြောင်အမွေးဆုံးက အင်ဒိုနီးရှားဖြစ်ပြီး ကောင်ရေ သန်း ၃၀ ကျော် ရှိပါတယ်တဲ့။ ဥရောပမှာတော့ ပြင်သစ်က ကောင်ရေ ၈သန်းနဲ့ ဗိုလ်စွဲပါတယ်။
ဒါက European short-haired ကြောင်။ ကြွက်ခုတ် အရမ်းတော်တယ်လို့ နာမည်ကြီးတယ်။
ပထမ ကမ္ဘာစစ်တုန်းက အဆိပ်ငွေ့ ရှာဖွေဘို့ British army မှာ ကြောင်တပ်ဖွဲ့ တစ်ခု ထူထောင်ခဲ့ဘူးသတဲ့။
လက်ရှိ England မှာလည်း British Museum ရဲ့ ပစ္စည်းတွေ မပျက်စီးရအောင် ကူညီ စောင့်ရှောက်သူအဖြစ် ကြောင်တွေကို ထိန်းသိမ်းရာမှာ နိုင်ငံတော်က စားရိတ် ထောက်ပံ့ပေးနေပါတယ်တဲ့။
လက်ရှိ England မှာလည်း British Museum ရဲ့ ပစ္စည်းတွေ မပျက်စီးရအောင် ကူညီ စောင့်ရှောက်သူအဖြစ် ကြောင်တွေကို ထိန်းသိမ်းရာမှာ နိုင်ငံတော်က စားရိတ် ထောက်ပံ့ပေးနေပါတယ်တဲ့။
ကြောင်တွေဟာ လေ့ကျင့် သင်ကြားပေးလို့ရတယ်။ ယေဘုယျအားဖြင့် ကြောင်တွေဟာ လှောင်ပိတ်ထားတာကို မကြိုက်ကြပါဘူးတဲ့။
ကဲ နိုင်ငံတကာ ကြောင်များနေ့ အထိမ်းအမှတ် ဆောင်းပါလေးကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။
No comments:
Post a Comment