Saturday, 4 August 2012

ပုညကြိယာ ၀တ္ထု

ပုည = ကောင်းမှု ၊ ကြိယ = ပြုထိုက်သော ၊ ၀တ္ထု = စီးပွားချမ်းသာ၏ တည်ရာ ။
စီးပွားချမ်းသာ နောင်သံသရာကျိုး၏ တည်ရာဖြစ်၍ စင်စစ် ပြုထိုက်သော ကုသိုလ်ကောင်းမှု
  • ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းမှု
  • သီလ = ဆိုင်ရာ သီလများကို စောင့်ထိန်းမှု (ဥပုသ် ဆောက်တည်မှု)
  • ဘာဝနာ = ဘုရားဂုဏ်တော် စသည်တို့ကို အာရုံပြုနေမှု (ကမ္မဌာန်း အားထုတ်မှု)
  • အပစာယန = ရိုသေထိုက်သူကို ရိုသေမှု
  • ဝေယျာဝစ္စ = သူတစ်ပါး၏ ကုသိုလ်ကိစ္စ၌ ကူညီမှု
  • ပတ္တိဒါန = မိမိကုသိုလ်အဖို့ကို အမျှပေးဝေမှု
  • ပတ္တာနုမောဒန = သူတစ်ပါးက အမျှပေးဝေလျှင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု
  • ဓမ္မသဝန = တရားစကားကို နားထောင်မှု
  • ဓမ္မဒေသနာ = ပစ္စည်းလာဘ် မငဲ့ပဲ တရားဟောမှု
  • ဒိဌိဇုကမ္မ = အယူကို ဖြောင့်မှန်စွာ ယူမှု ( ကံ ၊ ကံ၏အကျိုးကို ယုံကြည်မှု) 
http://wikimyanmar.co.cc/

No comments:

Post a Comment