
မေးခွန်းတစ်ခုမေးတယ်ဆိုတာ...........
မသိလို့လည်း မေးတတ်တယ်၊ အဖြေကို လိုချင်လို့။
စမ်းချင်လို့လည်း မေးတတ်တယ်၊ အမေးခံရသူ ဘာသိသလဲ သိချင်လို့။
ညှိချင်လို့လဲ မေးတတ်တယ်၊ သူနဲ့ ကိုယ်နဲ့ အဖြေတူရဲ့လားလို့။
ဖြေချင်လို့လဲ မေးတတ်တယ်၊ သူမဖြေနိုင်မှ ကိုယ်ဖြေပြချင်လို့။
ပြသနာပေးချင်လို့လဲ မေးတတ်တယ်၊ အမေးခံရသူ အဖြေရှာရင်း ခြာခြာလည်နေစေချင်လို့။
အဖြေအနေနဲ့လဲ မေးတတ်တယ်၊ မေးလာတာတစ်ခုကို အမေးနဲ့ ပြန်ဖြေချင်လို့။
ဒီတော့.........
မသိလို့ အဖြေလိုချင်လို့ မေးလာသူကို၊
စမ်းချင်လို့မေးတာထင်ရင် မှားမယ်၊
ညှိချင်လို့ မေးတာထင်ရင် လွဲမယ်၊
သူကိုယ်တိုင် ဖြေပေးချင်လို့ လို့ ထင်ရင် ခက်မယ်၊
ပြသနာပေးချင်လို့လို့ ထင်ရင် ပိုရှုပ်ကုန်မယ်၊
အမေးနဲ့ ပြန်ဖြေတာလို့ ထင်ရင် ချော် ကုန်မယ်၊
ထို့အတူဘဲ.........
ဟိုလို မေးတာကို ဒီလိုထင်ရင်
ဒီလိုမေးတာကို ဟိုလိုထင်ရင်
မေးခွန်းတစ်ခုကို ဘာကြောင့်မေးတာလဲဆိုတာ
အယူအဆလွဲရင် အကျိုးနဲလိမ့်မယ်.......
ဘာကြောင်းမေးလဲ သေချာတွေး
လိုတဲ့အဖြေကို သေချာဖြေလေမှ
အကျိုးများကြပေလိမ့်မယ်.........................။
No comments:
Post a Comment