Saturday, 26 November 2011

သဒ္ဓါ

ဗုဒ္ဓစာပေများတွင် သဒ္ဓါဟူသော စကားလုံးကို သက်ဝင်မှု၊ ယုံကြည်မှုဟု ဘာသာပြန်လေ့ရှိသည်။ အင်္ဂလိပ် ဘာသာတွင် believe (Accept as true; take to be true) ဟု အများအားဖြင့် ဖွင့်ဆိုကြသည်။ တကယ်တော့ ထိုသို့ဆိုလျင် မပြည့်စုံဟု ဆရာတော်ကြီးများက မိန့်ကြားဘူးသည်။ သဒ္ဓါတွင် ယုံကြည်မှု သာမက ယုံကြည်ချက် confident လည်းပါဝင်သည်ဟု ဆိုပါသည်။
သဒ္ဓါယ တရတိ သြဃံ 
ယုံကြည်မှု ရှိရင် ဒုက္ခက လွတ်မြောက်နိုင်သည်........တဲ့။ ရတနာသုံးပါးအပေါ်တွင် တကယ် သက်ဝင် ယုံကြည်သူသည် သံသရာဝဲမှ ရုန်းထွက်နိုင် မည်ဟု ဆိုလိုပါ သည်။ ဘုရားဟော နှုတ်ထွက် ပါဠိတော်ဟု ဆိုပါသည်။

No comments:

Post a Comment