Wednesday, 8 February 2012

နောင်တ ရတယ်ဆိုတာ


နောင်တ ရတယ်ဆိုတာ
အော် ငါ ဒါကို လုပ်လိုက်မိလေခြင်း.......
ဒါမှမဟုတ် အော်..... ငါဒါကို မလုပ်လိုက်မိလေခြင်း...လို့
ဖြစ်ပျက်လုပ်လို့ ပြီးသွားတာ တစ်ခုအပေါ်မှာ
စိတ်မကောင်းဖြစ်တာ... စိုးရိမ်ပူပန်တာပေါ့။

ဒီထက်ပိုပြောရရင်တော့
အော် ငါ ဒါကို လုပ်လိုက်မိလေခြင်း.......မလုပ်လိုက်ရင်ကောင်းမှာ
ဒါမှမဟုတ်
အော်..... ငါဒါကို မလုပ်လိုက်မိလေခြင်း...လုပ်လိုက်မိရင်ကောင်းမှာ လို့ဖြစ်မိတာပေါ့။

တနည်းပြောရရင်
ငါဒါကို လုပ်လိုက်ရင်ကောင်းမှာဘဲ
သို့မဟုတ် မလုပ်ဘဲ ရှောင်လိုက်ရင် ကောင်းမှာဘဲ လို့ ဖြစ်မိတာပေါ့။

တဆင့်ထပ်တွေးရင်
အလုပ်တစ်ခုကို လုပ်ခဲ့တဲ့အချိန်တုန်းက
လုပ်ခွင့် ရှိပြီးမလုပ်ခဲ့မိလို့
မလုပ်ဘဲရှောင်နိုင်ခွင့်ရှိပေမယ့် မရှောင်ဘဲလုပ်ခဲ့မိလို့
နောင်တရတာဖြစ်ပါတယ်။
လုပ်သင့်တာကို မလုပ် ၊ မလုပ်သင့်တာကို လုပ်ခဲ့မိတာပေါ့။
သတိ မရှိခဲ့တာ နည်းခဲ့တာ ပေါ့။

ဒါကြောင့် ဘုရားက သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပြောခဲ့တာပါ။
သတိလွတ်စေတဲ့ အရက် မူးယစ်ဆေးဝါးလဲ ရှောင်ဖို့ ဘုရားက ပြောခဲ့တယ်လေ။

လူတိုင်း အမှားနဲ့ မကင်းကြပေမယ့်
အမှားကြောင့် ပျက်စီးမှုဟာ အဖတ်မဆယ်နိုင်လောက်အောင်ကြီးမားနိုင်တယ်ဆိုရင်တော့ ဘ၀ပါထိတာပေါ့။

ဘ၀ မထိအောင် နောင်တမရအောင် ကြိုတင်ရှောင်ရမယ်။
သတိလွတ်လို့ ဖြစ်တဲ့အမှားကိုတော့ သတိထားလိုက်ရင် ရှောင်နိုင်တယ်
ဥာဏ်နည်းလို့ ဖြစ်တဲ့အမှားကတော့ မရှောင်နိုင်ပါဘူး
ကြိုတင်ပြီး အသိဥာဏ်ဖြည့်ဆည်းထားရမယ်။

သတိဆိုတာ ကိုယ်ဘာလုပ်နေတယ်ဆိုတာ သေသေချာချာ သိနေတာမျိုးပေါ့။
သတိလက်လွတ်လုပ်ပြီး ကိုယ်တိုင်၊ ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်ကို မေတ္တာထားသူ၊ ကိုယ့်ပတ်ဝန်းကျင်၊ တွေကို
စိတ်မချမ်းမသာဖြစ်အောင် မလုပ်သင့်ဘူးပေါ့။

သတိတစ်ခု အကျိုးရှိအောင် သုံးနိုင်ကြပါစေ.....

CYK

No comments:

Post a Comment