net ပေါ်က ရ လာတာပါ
ပုံအကြောင်း အဓိက ပြောချင်တာမဟုတ်ပါ....
ဓာတ်ပုံတစ်ပုံကို မြင်တဲ့အချိန်မှာ မတူတဲ့ စကားလေးတွေ ကြားခဲ့ရတာကို မျှဝေပေးချင်တာပါ.....
မှတ်ချက်ပြုပုံလေးတွေပေါ့
၁။ လောကမှာ ကိုယ်က အသာစီးရလာရင် ပိုင်လာရင် လုပ်ကြတာ သဘာဝဘဲ လေ။ လုပ်ပေစေ။
၂။ ကျနော်က အဲဒီထဲက ကြောင်ဘ၀ကို အားကျတယ်၊ အဲလို့ ရအောင်လုပ်မယ်။
၃။ ဟယ် ကြွက်ကလေး သနားပါတယ် လွတ်အောင် ကြောင်ကို ခြောက်ပေးလိုက်ချင်တယ်။
၎။ ကြောင်ဆိုတာ အဲလိုဘဲ ကြွက်မိလာရင် မစားခင် ဆော့သေးတာ။
၅။ နောက်ဆုံးအချိန်အထိတော့ ရုန်းကန်ကြရမှာ သဘာဝဘဲလေ။
၆။ ခံရတာနဲသေးတယ်။ အဲဒီကြွက်တွေ သောင်းကျန်းရင် တော်တော် လူတွေကို ဒုက္ခပေးတာ။
၇၊ ဒီတိုင်းကြည့်နေရင် ကြွက်ကိုမကယ်လို့ ငရဲကြီးမှာစိုးတယ်။ ခြောက်လိုက်လို့ ကြွက်လွတ်သွားရင် ကြောင်ရဲ့ ထမင်းလုပ် ပုတ်ချမိလို့ ၀တ်လိုက်မှာ စိုးတယ်။
၈။ ကြောင်အလုပ် ကြောင်လုပ်၊ ကြွက်အလုပ်ကြွက်လုပ်၊ ငါလဲ ငါ့အလုပ်တွေ ရှိသေးတယ်။
၉။ဒီကြွက် ကမြင်းကြောထပီး ဘယ်သွား အလေလိုက်သလဲမှမသိ။ နဲသေးတယ်။ ကိုယ့်ဘေးကိုယ်မှ မရှောင်တတ်တဲ့ကောင် ထိတာကောင်းတယ်။
၁၀။ လောကမှာ သင်ခန်းစားအားလုံး ကိုယ်တွေ့နဲ့ သင်ချင်လို့ မရဘူးဆိုတာ ဒီမှာ သာဓကဘဲ။
၁၁။ သဗ္ဗေသတ္တာ ကမ္မသကာ။
ကဲ သင်ရော ဘာမှတ်ချက် ပြုမလဲ သိချင်လိုက်တာဗျာ...........

No comments:
Post a Comment