Saturday, 3 December 2011

ဗန်းမော်ဆရာတော်ကြီးရဲ့ ဆုံးမစကား

တရားကို တေးလိုဆို
အဖေကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်
မိုက်ရဲလျင် သောတာပန်။

မကောင်းကြံက သမာဓိ
ရွှေရှိမှ လူလိမ်မာ၊
လိမ်နိုင်မှသစ္စာရှင်
ရိုးသားသူကို အရူးလို့ထင်။

အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလည် ကို့ယို့ကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ။

ရွှေရှိဘုရားမှ ရှိခိုးချင်
လူခေါ်ချင်တာက ဇာတ်သမား၊
အပျိုစင်ငယ်က လင်နေစော
အမျိုးကောင်းသမီးက ပိုက်ဆံရှာ။

လင်ရှိမယားက အပျိုလုပ်
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုဆံတောက်ချ
အပျိုပေါက်စက နှစ်လင်ယူ။

လူရင်းနှီးတော့ အတိုးချ
သူခိုး၊ဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
မယ်သီလက အနုဆေးဖော်။

မရှောင်တမ်းတိုးတာက တစ်ခုလပ်
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော
ခေတ်ကြီးကိုတော့ အပြစ်ဆို။

ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်
သူတော်ကောင်းတို့ တရားပျက်ကြလေပြီ....................။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဗန်းမော်ဆ၊ရာတော်ကြီးက ဆုံးမခဲ့တာပါတဲ့။ ယနေ့ခေတ် အခါမှာ မှန်နေသလား ဆိုတာတော့ ကိုယ်တိုင်သာ ဆုံးဖြတ်ကြပါတော့။

No comments:

Post a Comment