Thursday, 15 December 2011

အိုင်တီခေတ်ထဲရောက်နေတဲ့ ငါ

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ
လာပြီးရင်း လာနေတဲ့ သတင်းမြစ်ထဲမှာ
ရှာပြီးရင်းရှာကာ ပျော်နေကြတဲ့ လူတွေရယ်
ချာပြီးရင်း ချာကာလျှော်နေတဲ့ ငါရယ်...........။

အိုင်တီသုံးနိုင်တဲ့
မလိုင်အဆီဖုံးတဲ့ လူတန်းစားတွေကြားမှာ....
ကုန်းရုံး ကြိုးစားနေရင်းက
လုံးလုံး မတိုးပွားတဲ့
တို့တွေလို လူတန်းစားတွေမှာတော့၊

တက်ဘလက် ပီစီ ဝေးလို့
တစ်ရက်တစ်ရက် စီသာ ထမင်းစားဘို့အရေး
စဉ်းစားလို့ တွေးနေရတာမို့
အချင်းများနေဘို့ အချိန်မရှိဘူး မိန်းမရေ..........။

ဘာညာ အသာဘေးချိတ်
အတွေးသိပ်မခေါင်စေနဲ့
ချွေးတိတ်တောင် မစောင့်နိုင်ဘူး
ကူးရဦးမယ် နောက်အလုပ်တစ်နေရာ......

မနေသာ ဖွေရှာနိုင်မှ တော်ကာကျမှာမို့
ဘလာတိုးပြီး နွှဲစရာ ပွဲ မရှိသေးသရွေ့တော့
အချစ်ရေ
ညာအိုးထီး မ၀ဲသာ တို့စရာတစ်ထမ်းနဲ့
ဆွဲလိုက်ကြအုံးစို့ တို့ ခါနာ စခန်း။

(ညာအိုးထီး မ၀ဲသာ ဆိုတာ ကရင်လို ငပိရေနဲ့ ငရုတ်သီးတဲ့)
(ခါနာ ဆိုတာ ကုလားလို ထမင်းတဲ့ )
မဟုတ်လို့လွဲနေရင် ခွင့်လွှတ်ပါ

တို့စရာတစ်ပုံတပင် ညာအိုးထီး မ၀ဲသာနဲ့ ဆွဲတတ်တဲ့ သူလေးအတွက် အမှတ်တရ။




No comments:

Post a Comment